06. Sittway – Myauk Oo ( 5 Days – 4 Nights )

စစ်တွေ – မြောက်ဦး( 5 Days – 4 Nights )

Day1 – ရန်ကုန် – စစ်တွေ
Myanmar Cute Travels မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆို ခြင်း၊ ရန်ကုန်လေဆိပ်မှတစ်ဆင့် စစ်တွေသို့လေယာဉ်ဖြင့် စတင် ထွက်ခွာ လာရာ နံနက်ပိုင်းတွင် စစ်တွေလေဆိပ်သို့ ရောက်ရှိပါမည်။ စစ်တွေမြို့ Sightseeing များဖြစ်သော လောကနန္ဒာ၊ စကြာမုနိဘုရားနှင့် ဘုရားကြီး တို့ကို သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် Point ကမ်းခြေတွင် အပန်း ဖြေအနားယူပါမည်။စစ်တွေဈေးတွင် ဈေးဝယ်ထွက်ပါမည်။
Night Over – Shwe Thazin Hotel (or) Similar

Day2 – စစ်တွေ – မြောက်ဦး
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် စစ်တွေ မှ မြောက်ဦးသို့ Boat ဖြင့်ထွက်ခွာပါမည်။မြောက်ဦးမြို့ရှိ ရှေးဟောင်းပုထိုးတော်များ၊ရှစ်သောင်း ပုထိုးတော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ ထုတ္တကံသိန်ပုထိုးတော် နှင့် ဘုရားရှင်၏အံတော်ကိုဖူးမြော်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကျောက်တော် မဟာမြတ်မုနိဘုရားနှင့် ကျောက်တော်တောင်ပေါ်ရှိ မြတ်စွာဘုရားရှင်ဗျာဒိတ်ပေးသောနေရာသို့ သွားရောက်ဖူးမြော်ပါမည်။ ညနေစာကို မွန်းရွှေရပ်စားသောက်ဆိုင်တွင် ဧည့်ခံပါမည်။
Night Over – မြောက်ဦးဟိုတယ် (or) Similar

Day3 – မြောက်ဦး
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် မြောက်ဦးမြို့ရှိ မာန် (၅)ပါးကို အဓိဌာန်ဖြင့် ဖူးမြာ်ပါမည်။ နေ့လည်စာကို မိုးရွှေရည်စားသောက်ဆိုင်တွင် ဧည့်ခံ ပါမည်။ ထို့နောက် မြောက်ဦး ရှိ ကျန်ရှိ နေသေးသော တန်ခိုးကြီး ဘုရားများအားဖူးမြော်ပါမည်။ ညနေစာကို River Belly တွင်တရုတ်အစား အစာဖြင့်ဧည့်ခံပါမည်။
Night Over – မြောက်ဦးဟိုတယ် (or) Similar

Day4 – မြောက်ဦး – စစ်တွေ
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် စန္ဒာမုနိဗုဒ္ဓရုပ်ပွားတော်နှင့် အခြားရှေးဟောင်းဘုရားများကို ဖူးမြော်ပြီး ရှေးဟောင်းသုတေသန ပြတိုက်သို့လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် စစ်တွေ မြို့သို့ Boat ဖြင့် ပြန်လည်ထွက်ခွာလာပါမည်။ ညစာကို River Belly တွင် တရုတ်အစားအစာဖြင့် ဧည့်ခံပါမည်။
Night Over – Shwe Thazin Hotel (or) Similar


Day5 – စစ်တွေ – ရန်ကုန်
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Hotel Check-Out လုပ်၍ စစ်တွေလေယာဉ်ကွင်းသို့ Check-In ဝင်ပြီးနောက် စစ်တွေမှ ရန်ကုန် သို့ လေယာဉ်ဖြင့် စတင်ထွက်ခွာလာရာ ရန်ကုန်လေဆိပ်သို့ ချောမော စွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

*** ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါပြီ ***

You can send your inquiry via the form below.